International News

လယ်ယာထွက်ကုန်ပစ္စည်းများကဏ္ဍ၌ ကုန်သွယ်မှုလိုငွေပြမှုပမာဏ မြင့်တက်လာသည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည့် စာရင်းများအရ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ(ပထမ(၇)လတာ) ကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုပမာဏ၌ ကုန်သွယ်မှု လိုငွေပြမှု ပမာဏ အမေရိကန်ဒေါ်လာ (၅၄.၂၉) ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့် နှစ်ကာလတူထက် (၃၀.၉) ရာခိုင်နှုန်း မြင့်တက်လာခဲ့ ကြောင်း သိရှိရပါသည်။  အဆိုပါကာလ အတွင်းလယ်ယာထွက်ကုန်ပစ္စည်းများတင်သွင်းမှုပမာဏ အမေရိကန်ဒေါ်လာ (၉၆.၁၈) ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် (၁၃.၄) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ (၄၁.၈၉) ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့ သည့် နှစ်ထက်(၃.၃)ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါကာလများအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိ ကန်ဒေါ်လာ (၁၃၈.၀၇) ဘီလီယံရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ထက် (၇.၈) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ပြောင်းဖူးစုစုပေါင်းတန်ချိန် (၄.၅၇) သန်းတင်သွင်းနိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူထက် (၃၀.၇) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ဝက်သား စုစုပေါင်းတန်ချိန် (၂.၅) သန်း တင်သွင်းခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူထက် (၁၅၀) ရာခိုင်နှုန်း ကျော်လွန် ရောက်ရှိခဲ့ကြောင်းသိရှိရပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ပေကျင်းမြို့)
source: https://www.globaltimes.cn/content/1200663.shtml

Category: International News